English | 简体中文 | 繁體中文 | 한국어 | 日本語
Tuesday, 1 December 2020, 16:00 HKT/SGT
Share:
        

Source: EU / ASEAN Customs Transit System (ACTS)
ASEAN နှင့် အီးယူတို့၏ အွန်လိုင်းအကောက်ခွန်ဖြတ်သန်းမှု စနစ်အသစ် ASEAN ဒေသအတွင်း ကုန်သွယ်မှုမြှင့်တင်ခြင်း

JAKARTA, Dec 1, 2020 - (ACN Newswire) - ASEAN ဒေသတွင်း ကုန်းလမ်းကြောင်းမှ ကုန်စည်များ ကုန်သွယ်မှုကို အရှိန်မြှင့်တင်ရန် နယ်စပ်ကုန်သည်များအနေဖြင့် ယခုအခါ အွန်လိုင်းအကောက်ခွန်ဖြတ်သန်းခြင်း စီမံခန့်ခွဲမှုစနစ်အသစ် – ASEAN အကောက်ခွန်ဖြတ်သန်းမှုစနစ် (ACTS) ၏ အကျိုးကျေးဇူးများကို ရယူအသုံးချနိုင်ပြီဖြစ်ပါသည်။ ACTS ကို ဥရောပသမဂ္ဂ၏ အကူအညီဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဂျာကာတာ (ရက်စွဲ) 2020 - ASEAN ဒေသတွင်းရှိ ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍတွင် ယခုအခါ ASEAN အကောက်ခွန် ဖြတ်သန်းမှုစနစ် (ACTS) ဟုခေါ်သည့် စွမ်းဆောင်ရည်ပြည့် အွန်လိုင်းစနစ်သစ်တစ်ခုကို အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ၎င်းစနစ်သည် ကုမ္ပဏီများအတွက် ASEAN ဒေသတွင်း ကုန်သွယ်မှုအခက်အခဲများကို လျော့နည်းစေပြီး ASEAN စီးပွားရေးအသိုက်အဝန်း (AEC) နှင့် ASEAN ဒေသများအတွင်း လွတ်လပ်စွာကုန်စည်စီးဆင်းမှုတို့မှ အကျိုးအမြတ်များ အပြည့်အဝရရှိစေနိုင်မည် ဖြစ်ပါသည်။

2017 တွင် ASEAN စီးပွားရေးဝန်ကြီးများသည် 2020 ပြည့်နှစ်တွင် ကုန်သွယ်ဖြတ်သန်းခများ 10% လျှော့ချနိုင်ရေးနှင့် 2017 မှ 2025 အတွင်း ASEAN ဒေသတွင်းကုန်သွယ်မှု နှစ်ဆမြှင့်တင်ရေး ဟူသည့် ပန်းတိုင်နှစ်ခုကို ချမှတ်ခဲ့ပါသည်။ အဆိုပါပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် အီလက်ထရောနစ် အကောက်ခွန်ဖြတ်သန်းမှု ကြေညာလွှာများကို ASEAN အကောက်ခွန်အာဏာပိုင်များထံ တိုက်ရိုက်တင်သွင်းနိုင်ရန်နှင့် ၎င်းတို့၏ ကုန်စည်များ တင်ဆောင်သည့်နေရာမှ နောက်ဆုံးရောက်ရှိရမည့်နေရာထိ စီးဆင်းမှုအဆင့်ဆင့်ကို ခြေရာခံနိုင်ရန် ASEAN အကောက်ခွန်ဖြတ်သန်းမှုစနစ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

“ASEAN အကောက်ခွန် ဖြတ်သန်းမှုစနစ် ကို အကောင်အထည်ဖော်ခြင်းဟာ ဒေသတွင်း ကုန်စည်များ စဉ်ဆက်မပြတ်စီးဆင်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ဒီစနစ်ဟာ ASEAN နိုင်ငံတွေရဲ့ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှုကွန်ရက်တွေ တိုးတက်ရေးနဲ့ ထုတ်လုပ်သူတွေနဲ့ စားသုံးသူတွေအတွက် ပိုပြီး တစ်သားတည်းဖြစ်တဲ့ဈေးကွက်တစ်ခုကို တည်ဆောက်ရေးတို့မှာ အကောင်းမွန်ဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊” ဟု ASEAN အထွေထွေ အတွင်းရေးမှူး Lim Jock Hoi က ပြောဆိုခဲ့ပါသည်။ “ACTS က အဖွဲ့ဝင်နိုင်ငံများအတွင်း ဆေးဘက်ဆိုင်ရာအထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးနဲ့ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံများ ဖြတ်သန်းသယ်ဆောင်ခြင်းကို အရှိန်မြှင့်တင်ပေးပြီး COVID ကာလအလွန် ပြန်လည်ထူထောင်ရာမှာလည်း အထောက်အကူပြုပေးနိုင်ပါတယ်၊” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ASEAN အကောက်ခွန်ဖြတ်သန်းမှုစနစ်သည် ဒေသတွင်း ကုန်စည်စီးဆင်းမှုကို ရိုးရှင်းလွယ်ကူစေပြီး ပိုမိုထိရောက်၍ စရိတ်စက သက်သာအောင် ပြုလုပ်ပေးပါသည်။ ACTS တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နယ်စပ်ဂိတ်တစ်ခုစီတိုင်းတွင် အကောက်ခွန် ကြေညာလွှာ ထပ်ဖန်တလဲလဲပြုလုပ်ရခြင်း သို့မဟုတ် ယာဉ်ပြောင်းလဲရခြင်းတို့ ပြုလုပ်ရန်မလိုအပ်ဘဲ ASEAN နိုင်ငံများစွာအတွင်း ဖြတ်သန်းသွားမည့် ကုန်စည်များ သယ်ပို့မှုတစ်ခုလုံးကို အကျုံးဝင်စေမည့် အကောက်ခွန်ဖြတ်သန်းမှု ကြေညာလွှာတစ်ခုတည်းကိုသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ အထူးသဘောတူညီချက်များအရ ယုံကြည်စိတ်ချရသည့် ကုန်သည်များကို ကုန်စည်တင်ပို့မည့်နိုင်ငံတွင်းရှိ ၎င်းတို့၏ ကိုယ်ပိုင်အဆောက်အအုံနှင့် ဥပစာတွင် ကုန်စည်များတင်ဆောင်ခြင်းပြုလုပ်ရန်နှင့် ကုန်စည်ရောက်ရှိမည့်နိုင်ငံရှိ ၎င်းတို့ပိုင် အဆောက်အအုံနှင့် ဥပစာတို့တွင် ကုန်စည်များဖြန့်ဖြူးပေးပို့ရန် ခွင့်ပြုထားသည်။ ASEAN ဒေသအသီးသီးမှ ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများ အကျိုးဖြစ်ထွန်းစေရန် နယ်စပ်များတွင် ပိုမိုမြန်ဆန်သည့်အကောက်ခွန်ဖြတ်သန်းခွင့်သည် နယ်စပ်ဖြတ်သန်းမှုကို အရှိန်မြှင့်ပေးပြီး ဒေသတွင်း ကုန်စည်များ ကူးသန်းရောင်းဝယ်ခြင်းအတွက် ဆောင်ရွက်ရသည့် အချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။
စနစ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ ASEAN အတွင်းဝန်များရုံးတွင် အခြေစိုက်သည့် ACTS အမြဲတမ်း ဗဟိုစီမံခန့်ခွဲမှုအသင်းက အီးယူ ရန်ပုံငွေ ထောက်ပံ့ထားသော ARISE Plus အစီအစဉ် အကူအညီဖြင့် စီမံခန့်ခွဲပါသည်။ ဒေသအလိုက်နှင့် နိုင်ငံအလိုက် ACTS အကူအညီဌာနများ ထားရှိထားပါသည် (https://acts.asean.org တွင် ကြည့်ပါ)။

"ACTS ဟာ အသိအမှတ်ပြုလောက်စရာ အောင်မြင်မှုဖြစ်ပါတယ်၊ ဒါဟာ ASEAN နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂကြားက ခိုင်မာပြီး အင်အားအပြည့်ရှိတဲ့ ကာလရှည် အကျိုးတူပူးပေါင်းမှုရဲ့ သက်သေဖြစ်ပါတယ်” ဟု ဥရောပကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေညွှန်ကြားရေးမှူး Mr Koen Doens က ဆိုသည်။ “ACTS ဟာ ASEAN အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်တွေမှာ ကုန်းလမ်းမှ ကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်လွယ်ကူအောင် လုပ်ဆောင်ပေးပါလိမ့်မယ်၊ အဲဒီကနေတစ်ဆင့် စီးပွားရေးလုပ်ငန်းများနဲ့ နိုင်ငံသားတွေရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချပေးမှာဖြစ်ပါတယ်။ အီးယူအနေနဲ့ ကျွန်တော်တို့ရဲ့ ASEAN မိတ်ဖက်တွေကနေ ယူရို 5 သန်း ရင်းနှီးမြှုပ်နှံမှုအပြင် 2012 ကတည်းက ဥရောပနိုင်ငံများက ယူရို 10 သန်း နဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ထောက်ပံ့ပေးမှုနဲ့ ACTS ကို အမှန်တကယ်ဖြစ်မြောက်လာအောင် ASEAN နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ARISE Plus သည် အကောက်ခွန်အာဏာပိုင်များ၊ အစိုးရ သယ်ယူပို့ဆောင်ရေးအေဂျင်စီများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များ၊ ဘဏ်များနှင့် အာမခံကုမ္ပဏီများအပါအဝင် အများပြည်သူဆိုင်ရာနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ အသီးသီးမှ ပါဝင်ကြသူများအတွက် ကျယ်ပြန့်သည့် ACTS လေ့ကျင့်သင်ကြားမှုများကိုလည်း ထောက်ပံ့ပေးထားပါသည်။ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများတွင် ASEAN အကောက်ခွန်ဖြတ်သန်းမှုစနစ် ကို ရှေ့ပြေး စမ်းသပ်သုံးစွဲခြင်းများပြုလုပ်ပြီးနောက် ယခုအခါ စနစ်ကို အထွေထွေအသုံးပြုခြင်းအတွက် တရားဝင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ ပထမဆုံး အောင်မြင်သည့် ACTS ကုန်သွယ်ဖြတ်သန်းမှုအဖြစ် မလေးရှားနိုင်ငံကိုဖြတ်၍ စင်္ကာပူနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကုန်တင်ကားဖြင့် သွားရောက်ခြင်းကို အောက်တိုဘာ 23 ရက် သောကြာနေ့နှင့် 24 ရက် စနေနေ့တွင် ပြုလုပ်နိုင်ခဲ့ပါသည်။ စနစ်ကို မြန်မာနိုင်ငံတွင် မကြာမီအချိန်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး စီးပွားရေးလိုအပ်ချက်များအပေါ်မူတည်ကာ နောက်ပိုင်းတွင် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများအထိ တိုးချဲ့သွားပါမည်။

"ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ်ကို လက်တွေ့ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်၊” ဟု ASEAN ပို့ကုန်လုပ်ငန်းရှင်များအသင်း အဖွဲ့ချုပ် (AFFA) ၏ ဥက္ကဌ Mr. Yukki Nugrahawan က ပြောကြားခဲ့ပါသည်။ “ဒီစနစ်ဟာ ASEAN အဖွဲ့ဝင်နိုင်ငံများအတွင်းက အကောက်ခွန်နဲ့ ပို့ဆောင်ရေးထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို လွယ်ကူရိုးရှင်းစေပြီး အိမ်အရောက်ပို့ဆောင်ပေးနိုင်မယ့်အချိန်ကို တွက်ဆနိုင်စွမ်းရှိစေသလို အရေးကြီးဆုံးအနေနဲ့ သယ်ယူပို့ဆောင်မှုစရိတ်စကကို လျှော့ချပေးတာကြောင့် ပို့ကုန်လုပ်ငန်းရှင်များအဖွဲ့အစည်းအနေနဲ့ ဒီစနစ်ကြောင့် အဓိက အကျိုးခံစားခွင့်ရရှိကြသူများ ဖြစ်လာမှာဖြစ်ပါတယ်။ ACTS ဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုကို သိသိသာသာ အရှိန်မြှင့်တင်ပေးပြီး ASEAN ဒေသအတွင်း နယ်စပ်ဖြတ်ကျော် ကုန်သွယ်ဖို့ အချိန်နဲ့ စရိတ်ကုန်ကျမှုကို လျော့ကျလာအောင် ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (ဆက်ရန်)

ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ်သည် ARISE Plus အစီအစဉ်အရ ဥရောပသမဂ္ဂ၏ ငွေကြေးအထောက်အပံ့ဖြင့် ASEAN အဖွဲ့အစည်းကြီးမှ ဖော်ဆောင်လိုက်သည့် အွန်လိုင်းစနစ်တစ်ခု ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍအတွက် ကြော်ငြာ ဗီဒီယို၊ ဒေါင်းလုဒ်ပြုလုပ်နိုင်သည့် လက်ကမ်းစာစောင်များ၊ အမြန်လမ်းညွှန်ချက်များ၊ ဥပဒေမူဘောင်နှင့် လုပ်ရိုးလုပ်စဉ်လမ်းညွှန်စာစောင်များ အပါအဝင် အသေးစိတ်အချက်အလက်အပြည့်အစုံအတွက် https://acts.asean.org တွင် ကြည့်ပါ။

ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ် နှင့် ARISE Plus အကြောင်း

ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ် (ACTS) သည် ကုန်စည်ဖြတ်သန်းမှု လွယ်ကူချောမွေ့ရေး ASEAN အခြေခံမူဘောင် သဘောတူညီချက် (AFAFGIT) နှင့် ASEAN စီးပွားရေးအသိုက်အဝန်း စီမံချက် 2025 အောက်မှ ASEAN ကုန်သွယ်မှု လွယ်ကူချောမွေ့ရေး ပဏာမခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ စနစ်ကို ဥရောပသမဂ္ဂ (အီးယူ) က ၎င်း၏ ARISE Plus အစီအစဉ်ဖြင့် ထောက်ပံ့ထားခြင်းဖြစ်သည်။ ARISE Plus အစီအစဉ်အရ ASEAN ဒေသအတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ လွယ်ကူချောမွေ့ရေးအတွက် ရည်ရွယ်သည့် အီးယူမှ ထောက်ပံ့ပေးထားသည့် အခြား စီမံချက်များမှာ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှုတို့အတွက် ASEAN ဒေသ ဖြေရှင်းနည်းများ (ASSIST ကို https://assist.asean.org တွင် ကြည့်ရှုနိုင်သည်) နှင့် ပုဂ္ဂလိကလုပ်ငန်းကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ASEAN ကုန်သွယ်မှု အချက်အလက်ဘဏ် (ATR ကို https://atr.asean.org တွင် ကြည့်ရှုနိုင်သည်) တို့ဖြစ်သည်။

ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ်အကြောင်း ထပ်ဆောင်း သတင်းအချက်အလက်များကို ACTS ဝက်ဘ်ဆိုဒ်ဖြစ်သည့် https://acts.asean.org တွင် ကြည့်ရှုနိုင်ပါသည်။ ARISE Plus ၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီ လုပ်ဆောင်ချက်များကို https://ariseplus.asean.org တွင် ကြည့်ရှုနိုင်ပါသည်။

ASEAN အကောက်ခွန်ဖြတ်သန်းမှု စနစ်ကို အင်ဒိုးနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ ASEAN အတွင်းဝန်များရုံးအခြေစိုက် ACTS အမြဲတမ်း ဗဟိုစီမံခန့်ခွဲမှုအသင်းက စီမံခန့်ခွဲပါသည်။ နောက်ထပ်အချက်အလက်များကို သိရှိနိုင်ရန် အောက်ပါလိပ်စာကို ဆက်သွယ်ပါ-

ACTS Central Management Team (CMT)
ASEAN Secretariat
70A Jl. Sisingamangaraja
Jakarta 12110, Indonesia
အီးမေးလ်- acts.cmt@asean.org

ASEAN Regional Integration Support from the EU (ARISE) Plus Programme
ASEAN Secretariat,
70A Jl. Sisingamangaraja,
Jakarta 12110, Indonesia
အီးမေးလ်- ariseplus@asean.org

Topic: Press release summary
Source: EU / ASEAN Customs Transit System (ACTS)

Sectors: Local Biz
https://www.acnnewswire.com
From the Asia Corporate News Network


Copyright © 2024 ACN Newswire. All rights reserved. A division of Asia Corporate News Network.

 

EU Related News
Dec 1, 2020 16:30 HKT/SGT
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាស៊ាននិងសហភាពអឺរ៉ុប ស្តីពី ប្រព័ន្ធអនឡាញថ្មីសម្រាប់ត្រួតពិនិត្យទំនិញឆ្លងកាត់គយ ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន
Dec 1, 2020 16:00 HKT/SGT
ASEAN and EU's new online Customs Transit System set to boost trade in the ASEAN region
More news >>
Copyright © 2024 ACN Newswire - Asia Corporate News Network
Home | About us | Services | Partners | Events | Login | Contact us | Cookies Policy | Privacy Policy | Disclaimer | Terms of Use | RSS
US: +1 214 890 4418 | China: +86 181 2376 3721 | Hong Kong: +852 8192 4922 | Singapore: +65 6549 7068 | Tokyo: +81 3 6859 8575